Monday, October 21, 2013

နောက်မျိုးဆက်သစ် ဘာဖြစ်လာမလဲ

• ကုလသမဂ္ဂအစီအစဉ်နဲ့ စာသင်ကျောင်းတွေမှာ မူလတန်းကစပြီး သင်ရိုးသစ်တခုထည့်တော့မယ်လို့ သိရတယ်။ ရေဒီယိုတွေကနေ ကြားရသလောက် မတူကွဲပြားသူတွေနဲ့ ဘယ်လို အတူနေမလဲဆိုတာ သင်ပေးမယ်လို့ သိရတယ်။ နိုင်ငံတကာအဆင့်လို့လဲ ဆိုပါတယ်။ ရခိုင်ဒေသမှာဖြစ်တာတွေကနောက် ဆက်ဖြစ်တာတွေကြောင့် အဲလိုလုပ်တာလို့လဲ သိရတယ်။
• ငါးပွက်ရာ ငါးစာချတာ၊ ပေါ်ပင်လိုက်တာလို့ ထင်တယ်။ ဆေးမြီးတိုနည်းလို့လဲ ဆိုနိုင်တယ်။
• ကျွန်တော်တို့ ပြည်ထောင်စုမှာ တရားဝင်၊ တကယ့်သွေးချင်းဆိုသူတွေနဲ့ အေးအေးချမ်းချမ်း၊ ဆိုးတူကောင်းဘက် နေဘို့ဆိုတာ ဘယ်အထိခရီးရောက်နေပါပြီလဲ။ အဲဒါက ပင်ရင်းရောဂါဖြစ်တယ်။ မွေးရာပါရောဂါလဲဖြစ်တယ်။ ဆေးနည်းရှာနေတာလဲကြာပြီ။
• အချင်ချင်း မတည့်ကြတာကြာလာတော့ ခုခံအားကျသလိုဖြစ်နေခဲ့တယ်။ HIV ပိုးရှိနေသူတွေမှာ အခွင့်ကောင်းယူ ကူးစက်ရောဂါတွေက ဝင်လာကြတာမျိုးနဲ့ တူနေတယ်။
• အစဉ်အလာ ပြည်သူ့နီတိဆိုတာတော့ ပြန်မစဉ်းစားဘူး။ မြန်မာနိုင်ငံသားစစ်စစ်တွေ၊ လူကြီးသူမတွေက ပြောပြ၊ ထောက်ပြတာကိုကြ ဘာမှအလေးအထားဘဲ၊ နိုင်ငံတကာဆိုတာကိုကြ ပြောလို့မှ မပြီးသေးဘူး လိုက်လုပ်ကြသလားလို့ သံသယရှိတယ်။
• ပညာရေးဆိုတာ လူမျိုးတခု၊ တိုင်းပြည်တခုမှာ အခြေခံအကျဆုံးဘဲ။ ကျောင်းသားငယ်လေးတွေကို အဲလို ရိုက်သွင်းရင် စိုးရိမ်စရာတွေ အများကြီးရှိတယ်။ “ဖြူဖြူ-မဲမဲ တွဲနေကြ။ ယဉ်ကျေးမှု မတူတာလဲ ဂရုမစိုက်ကြနဲ့။ တရားမဝင် ဝင်လာနေသူတွေကိုလဲ ချစ်ပြစ်လိုက်။ ဗုံးခွဲရင်လဲ တရားဥပဒေက အရေးယူလိမ့်မယ်။”
• ကချင်ကအစ နာဂအထိ ကျောင်းစာထဲမှာထည့်ဘို့ ဘာလို့မစဉ်းစားကြပါသလဲ။ “သူတို့ထက် ဦးစားပေးစရာ ရှိလာပြီလား။”
• ဒီအယူအဆသစ်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အန္တရာယ်ကို တရားဝင်ဖိတ်ခေါ်လိုက်တာဖြစ်မှာ စိုးရိမ်ပါတယ်။ မြန်မာဟာ မြန်မာပီသအောင် မလုပ်ခင် “နိုင်ငံတကာမြန်မာ” ဘာလို့လုပ်ချင်ပါသလဲ။
• အမေရိကားနဲ့ ဥရောပမှာလို သိပ်ခေတ်မီချင်တာလား။ သူတို့ဆီမှာ ဖြစ်လာရင် ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အစီအမံတွေ ရေပက်မဝင်အောင် လုပ်ထားပြီးသားရှိကြတယ်။ ဘင်လာဒင်ကို တကမ္ဘာလုံးမှာ လိုက်ရှာနိုင်တယ်။ ကမ္ဘာအေးက ဗုံးတရားခံ ခုထိမဖမ်းနိုင်သေးဘူး။ ဒီပဲယင်း အရေးအခင်းတရားခံတွေ ဘယ်မှာလဲ။ ဒီတရားခံတွေက တိုင်းတပါးကလာတာ မဟုတ်ဘူး။
• “နောက်မျိုးဆက်သစ် အမျိုးချစ်စရာမလိုတာဖြစ်လာမှာ စိုးရိမ်မိပါတယ်။”

ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၃