Sunday, September 8, 2013

ခါတော်မီ ငြိမ်းချမ်းရေး

Q: ဆရာခင်ဗျား ကျနော်က့ ပါ။ တနင်္ဂနွေနေ့က ဦးအောင်မင်းတို့နဲ့ ယူအန်အက်ဖ်စီ တွေ့တော့ ဦးအောင်းမင်းက ပြောသွားပါပြီ။ သူတို့ အချိန်မပေးနိုင်တော့ဘူး။ မစောင့်နိုင်တော့ဘူး။ လက်မှတ်မထိုးတဲ့အဖွဲ့တွေကို ချန်ထားခဲ့တော့မယ်။ အစိုးရရဲ့ ဒီလိုပြောကြားချက်အပေါ် ဆရာ့မှတ်ချက်တခုလောက် ပေးပေးပါ။

A: ဟုတ်ကဲ့။ စေ့စပ်ညှိနှိုင်းပွဲတိုင်းမှာ တင်းလိုက်-လျှော့လိုက်လုပ်လေ့ရှိတယ်။ လက်ရှိအစိုးရမှာ လုပ်ချင်တာတွေကို အချိန်ဇယား ဆွဲထားမယ်။ ဒီဇယားက သူကနေသာဆွဲတာဖြစ်တယ်။ တခြားအဖွဲ့အစည်း၊ တိုင်းပြည်တွေနဲ့ဆိုင်တာမျိုးမျာ ကိုယ်တယောက်တည်းကနေ မတိုင်မပင် ဆွဲထားတဲ့ဇယားဟာ မအောင်မြင်တာများတယ်။ တိုင်းရင်းသားတွေကလဲ မလိုက်လျှောနိုင်တာကို လိုက်လျှောမိသွားရင် အနှစ် ၅ဝ-၆ဝ ကြိုးပမ်းသမျှကို ရေရောပြစ်သလိုဖြစ်နိုင်လို့ တင်းထားတာနဲ့ တူတယ်။

Q: ဟုတ်ဆရာ။ ဦးအောင်မင်း ပြောသွားပုံကလဲ တော်တော်မာတာတွေ့ရပါတယ်။ တိုင်းရင်းသားတွေကလဲ နေပြည်တော် ခေါ်ပြီး လက်မှတ်ထပ်ထိုးခိုင်းနေတာကို နားမလည်ဘူး ဖြစ်နေတယ်။ တကယ့်ငြိမ်းချမ်းရေးကတော့ ဝေးအုန်းမယ် ထင်တယ်။ ဆရာရော ဘယ်လို သဘောရပါလဲဗျ။

A: မလွယ်ပါဘူးဗျာ။ ဒီအစိုးရက စာသင်နှစ်အတွင်း အောင်ချက်ဘယ်လောက်ရရမယ်လို့ စီမံကိန်းနဲ့လုပ်နေတာ။ ကျောင်းသားတွေကို စာသင်ပေးတာလဲ မဟုတ်ဘူး။
နိုင်ငံတကာကရနေတဲ့ ငွေထုပ်ကြီးကို သုံးပြနေတာဘဲလို့ ဆရာတော့ ယူဆတယ်။
ငွေဆိုတော့ လွယ်လွယ်နဲ့ ခေါင်းညိမ့်တာမျိုးလဲ ပါမလား သံသယရှိတယ်။ ဒီငွေတွေနဲ့ လခကောင်းကောင်း ရနေသူတွေကလဲ ရှိသေးတယ်။ ကုလသမဂ္ဂက အရာထမ်း အကြီးစားတွေနဲ့တူတယ်။ NGO ဆိုတာတွေလဲ (အစ်ရှူး) လိုက်ရှာနေကြတယ် မဟုတ်လား။ (အစ်ရှူး) က ဇာတ်နာလေလေ သူတို့ အလုပ်မှာ တည်မြဲလေဘဲ မဟုတ်လား။
ဗခ ခင်ညွန့်လက်ထက်မှာလဲ မောင်မောင်ခေါ်တုံးမှာ ဗျာအထူခိုင်းသေးတယ်။ ခေါ်တဲ့သူနောက် မလိုက်ကြတာက များပါတယ်။
ဗြုံးစားကြီး ခေါတော်မီ ပေါ်လာတဲ့ ငြိမ်းချမ်းရေးမဟာစီမံချက်ကြီးမှာ နိုင်ငံရေး ရင့်ကျက်မှုရှိတဲ့ အဖွဲ့အစည်းတွေကတော့ ၂ ခါပြန်၊ ၃ ခါပြန်စဉ်းစားကြတယ်ထင်တယ်။