Friday, July 26, 2013

“Party line ပါတီလိုင်း နိုင်ငံရေး”

• နိုင်ငံရေးမှာ Party line ခေါ်တဲ့ (အီဒီယမ်) အသုံးတခု ရှိတယ်။ နိုင်ငံရေးပါတီတွေမှာသာမကပါ၊ ဆိုရှယ် (လူမှု၊ လူထု) အရေးကိစ္စတွေမှာလဲ သုံးတယ်။
• Toeing the party line ဆိုတာက နိုင်ငံရေးပါတီဝင်တိုင်းဟာ ပါတီကနေချမှတ်ထားတဲ့ ပေါ်လစီကို လိုက်ကြရတာမျိုး။ Party-line vote ဆိုတာက မဲပေးရင်လဲ ပါတီကနေ ပေးခိုင်းတာကိုသာ ပေးရတာမျိုး ဖြစ်ပါတယ်။ Party whip တာဝန် ပေးခံထားရသူကနေ အဲဒီပါတီတွင်းစည်းကမ်းကို ကြည့်နေရတယ်။
• တနိုင်ငံလုံးအရေးလိုဟာမျိုးတွေမှာ Cross the party line ပါတီဆိုတာ ထားမနေတော့ဘဲ အတူတူ လုပ်ကြရတယ်။ အမေရိကားမှာ နိုင်ငံရေးပါတီ နှစ်ခုတည်းရှိတော့ Bipartisan ဆိုလိုက်ရင် ဒီမိုကရက်ရော၊ ရီပတ်ဘလီကင်ပါ နှစ်ပါတီ လုံးကနေ ထောက်ခံတာ၊ ကန့်ကွက်တာလုပ်ရင် ဒီအသုံးကို သုံးပါတယ်။ ဥပမာ မြန်မာပြည်မှာ စစ်အစိုးရရဲ့ ပြစ်ချက်တွေကြောင့် (ဆန်ရှင်) ချခဲ့တာမျိုး။ ဘာသာရေးအစွန်းရောက် အန္တရာယ်နဲ့ ပါတီလိုင်း
• ပါတီလိုင်းမထားဘဲ လုပ်ကြရပါမယ်။ အစိုးရ ဘာဖြစ်နေတယ်၊ ဘာပြောနေတယ် ဆိုတာကို ခဏထားရမယ်။ အစိုးရကလဲ ယုံကြည်ရလောက်အောင် လုပ်ဘို့လိုတယ်။ ခုထိတော့ အစိုးရအပေါ်မှာ Trust deficit မယုံကြည်မှု အတိုင်းအတာ ကြီးနေတုံးဘဲ။
• “ရိုဟင်ဂျာအရေးအတွက် မြန်မာနိုင်ငံကို တိုက်ခိုက်မဲ့ အကြမ်းဖက်စခန်း ဘင်္ဂလားဒက်ရှ် နယ်စပ်မှာဖွင့်ထားပြီ” သတင်းကို အခုထိ Like ၉ ယောက် နဲ့ Share ၂၃၄ ယောက်ရှိသွားပြီ။
• “လုံအောင်ကာကြပါ” သတင်းကိုလဲ Like ၇ဝ ယောက်နဲ့ Share ၄၅ ဦးရှိသွားပါပြီ။ မှတ်ချက်ပေးသူတွေကိုရော မျှဝေပေးသူတွေကိုရောပါ ကျေးဇူးတင်ပါတယ်။
• ဒီလိုအရေးမှာ ပါတီလိုင်းဆိုတာ မထားရပါ။ နိုင်ငံရေးပါတီတိုင်းက တွဲပြီး ခေါင်းကြီးသူတွေဝိုင်းပြီးတိုင်ပင်-ဆုံးဖြတ်ရပါတယ်။ အကူအညီ ယူသင့်တာ ယူဘို့လဲ ဝန်မလေးရပါ။
• ရှိနေတာကို ရှင်းလိုက်ပေမဲ့ ဆက်ဖြစ်လာမှာတို့၊ နောင်ဖြစ်လာမှာတို့ကိုပါ ထည့်တွက်ကြရပါမယ်။
• မြန်မာပြည်မှာ ဘာသာရေး အစွန်းရောက် အကြမ်းဖက်မှုကို ရင်ဆိုင်ကျော်လွှားဘူးတဲ့ အတွေ့အကြုံမရှိသေးပါ။
• ပြည်သူ့စွမ်းအားကို အသုံးချနည်းဆိုတဲ့ စာတမ်းကို ဦးအောင်ကြည် (အလုပ်သမားဝန်ကြီး မဖြစ်ခင်) က ရေးခဲ့တယ်လို့ မှတ်သားဘူးပါတယ်။
• သေနင်္ဂဗျူဟာ ရှိရပါမယ်။ ပါတီလိုင်းကို ခဏခေါက်ထားကြပါခင်ဗျား။
• အခက်အခဲရှိရင် အခွင့်အလမ်းလဲ ရှာတတ်ရတယ်။ မြန်မာ့တပ်မတော်လဲ အမှတ်ယူနိုင်ပါစေ။ အကွဲကွဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေလဲ စုစည်းညီညွတ်မှု ရှာနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၃